ဘုရားသခင်/၏ အမျက်တော်/ဖလား ခုနစ်လုံး
16
ထို့နောက် ဗိမာန်တော်/ထဲမှ “သွားလော့။ ဘုရားသခင်/၏ အမျက်တော်/နှင့်/ပြည့်နေသော/ဖလား ခုနစ်လုံး/ကို ကမ္ဘာ/မြေ/ပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်/ခုနစ်ပါးတို့/အား ကျယ်လောင်/စွာ ပြောသည့်/အသံ/ကို ကျွန်ုပ်/ကြားရ၏။2 ပထမ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို ကမ္ဘာ/မြေကြီး/ပေါ်သို့ သွန်းလောင်းလိုက်/သောအခါ သားရဲ/၏ အမှတ်တံဆိပ်/ရှိသောသူတို့/နှင့် သားရဲ/၏/ရုပ်တု/ကို ကိုးကွယ်သောသူတို့/၌ အလွန်/ဆိုးရွားသော/အနာစိမ်းများ ပေါက်လေ၏။
3 ဒုတိယ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို ပင်လယ်/ပေါ်သို့ သွန်းလောင်းလိုက်/သောအခါ ရေ/သည် လူသေ/၏ သွေး/ကဲ့သို့ ဖြစ်သွား/ပြီး ပင်လယ်/၌/ရှိသော သတ္တဝါ/အားလုံး သေကုန်လေ၏။
4 တတိယ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို မြစ်များ/နှင့် စမ်းရေတွင်းများ/ပေါ်သို့ သွန်းလောင်းလိုက်/သောအခါ ရေ/သည် သွေး/ဖြစ်သွား၏။ 5 ထို့နောက် ရေ/ကို အုပ်စိုးသော/ကောင်းကင်တမန်/က
“အို သန့်ရှင်းတော်မူသော/အရှင်… ကိုယ်တော်/သည် ယခု/ရှိ/လျက်၊ ယခင်/ကလည်း/ရှိတော်မူပြီး
ကိုယ်တော်/၏ တရားစီရင်ခြင်း/သည် တရားမျှတပါ၏။
6 ထို/သူတို့/သည် သန့်ရှင်းသူတို့/နှင့် ပရောဖက်တို့/၏ သွေး/ကို သွန်းခဲ့ကြ/သဖြင့်
ထို/သူတို့/နှင့် ထိုက်တန်သည့်/အတိုင်း ကိုယ်တော်/သည် ထို/သွေး/ကို သူတို့/အား တိုက်တော်မူ၏”
ဟု/ပြောသည်/ကို ကျွန်ုပ်/ကြားရ၏။
7 ထို့နောက်
“မှန်ပါ၏။ အို အနန္တ/တန်ခိုးရှင် ဘုရားသခင်…
ကိုယ်တော်/၏ စီရင်တော်မူချက်တို့/သည် မှန်ကန်/၍ တရားမျှတပါ၏”
ဟူ/၍ ယဇ်ပလ္လင်/မှ ထွက်လာသော/အသံ/ကို ကျွန်ုပ်/ကြားရ၏။
8 ထို့နောက် စတုတ္ထ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို နေ/ပေါ်သို့ သွန်းလောင်းလိုက်/သောအခါ နေ/သည် လူတို့/အား မီးလောင်ရသော/အခွင့်/ကို ရလေ၏။ 9 လူတို့/သည် ပြင်းထန်သော အပူရှိန်/ကြောင့် လောင်ကျွမ်းခြင်း/ကို ခံရ/သဖြင့် ဤ/ဘေးဒဏ်များ/ကျရောက်/စေရန် အခွင့်အာဏာ/ရှိသော ဘုရားသခင်/၏ နာမတော်/ကို ကျိန်ဆဲကြ၏။ သူတို့/သည် နောင်တ/လည်း မရကြ။ ကိုယ်တော်/၏/ဂုဏ်တော်/ကိုလည်း မချီးမွမ်းကြ။
10 ထို့နောက် ပဉ္စမ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို သားရဲ/၏ ရာဇပလ္လင်/ပေါ်သို့ သွန်းလောင်းလိုက်/သောအခါ သားရဲ/၏ နိုင်ငံ/သည် မှောင်မိုက်သွား၏။ လူတို့/သည် ပြင်းထန်သော/ဝေဒနာ/ကြောင့် လျှာ/ကို ကိုက်ထားကြရ၏။ 11 သူတို့/သည် ခံစားရသော/ဝေဒနာ/နှင့် အနာစိမ်း/တို့/ကြောင့် ကောင်းကင်ဘုံရှင်/ဘုရားသခင်/ကို ကျိန်ဆဲကြ၏။ မိမိတို့/၏/အကျင့်ဆိုးများ/အတွက်/လည်း နောင်တ/မရကြ။
12 ဆဋ္ဌမ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို ယူဖရေးတီးမြစ်ကြီး/ပေါ်သို့ သွန်းလောင်းလိုက်/သောအခါ မြစ်ရေ/ခန်းခြောက်သွား၏။ ထို့ကြောင့် အရှေ့ပြည်/၌/ရှိသော ဘုရင်များ/အတွက် လမ်းပွင့်သွား၏။ 13 ထို့နောက် ဖား/နှင့်/တူသော နတ်ဆိုး/သုံးကောင်/ကို ကျွန်ုပ်/မြင်ရ၏။ ထို/နတ်ဆိုးတို့/သည် နဂါး၊ သားရဲ/နှင့် ပရောဖက်/အတုအယောင်/တို့/၏ ခံတွင်း/အသီးသီး/မှ ထွက်လာကြ၏။ 14 သူတို့/သည် နိမိတ်/လက္ခဏာများ/ကို ပြနိုင်သော နတ်ဆိုးတို့/၏/ဝိညာဉ်များ/ဖြစ်ကြ၏။ ၎င်းတို့/သည် အနန္တ/တန်ခိုးရှင် ဘုရားသခင်/၏ တရားစီရင်ရာ/နေ့ရက်ကြီး/တွင် ဆင်နွှဲမည့်/စစ်ပွဲ/အတွက် ကမ္ဘာတစ်ဝန်းလုံး/ရှိ ရှင်ဘုရင်များ/ကို စုဝေး/ရန် ထွက်ခွာသွားကြ၏။
15 “ကြည့်လော့။ သူခိုး/ကဲ့သို့ ငါ/လာမည်။ သို့ဖြစ်၍ အဝတ်/မပါဘဲ သွားလာ/သဖြင့် အရှက်ကွဲခြင်း/မျိုး မဖြစ်/စေရန် မိမိ/၏ အဝတ်/ကို အသင့်/ဝတ်ဆင်/လျက် နိုးကြားနေသောသူ/သည် မင်္ဂလာရှိ၏။”
16 ထို/နတ်ဆိုးတို့/သည် ရှင်ဘုရင်များ/အားလုံး/ကို ဟေဗြဲ/ဘာသာစကား/ဖြင့် “အာမဂေဒုန်” ဟု ခေါ်သော/အရပ်/တွင် စုဝေးစေ၏။
17 ထို့နောက် သတ္တမ/ကောင်းကင်တမန်/သည် သူ/၏ ဖလား/ကို လေထဲ/သို့ သွန်းလောင်းလိုက်/သောအခါ “အမှု/ပြီးမြောက်ပြီ” ဟု ဗိမာန်တော်/အတွင်းရှိ ရာဇပလ္လင်တော်/မှ ကျယ်လောင်/စွာ ပြောဆိုသော/အသံ ထွက်လာ၏။ 18 ထိုအခါ လျှပ်စီး/လက်ခြင်း၊ အသံ/မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း/တို့ ဖြစ်ပေါ်လာ/ပြီးနောက် ပြင်းထန်သော/ငလျင်/လှုပ်လေ၏။ ကမ္ဘာမြေ/ပေါ်တွင် လူတို့/ပေါ်ပေါက်လာသည့်/အချိန်မှစ၍ ဤမျှ ပြင်းထန်သော/ငလျင်/မျိုး မလှုပ်ခဲ့ဖူးပေ။ 19 မြို့ကြီး/သည် သုံးပိုင်း/ကွဲ/၍ တိုင်းနိုင်ငံများ/၏ မြို့များ/သည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်/သည် ဘေဘီလုံမြို့ကြီး/၏ အပြစ်များ/ကို သတိရတော်မူ/လျက် အမျက်တော်/နှင့် ပြည့်နေသော စပျစ်ဝိုင်/ကို ထို/မြို့/အား တိုက်တော်မူ၏။ 20 ထိုအခါ ကျွန်းများ/အားလုံး/သည် ပျောက်ကွယ်သွား/၍ တောင်များ/သည်/လည်း ပျောက်ပျက်ကုန်၏။ 21 အလေးချိန်/ပေါင်တစ်ရာ/ခန့်a ရှိသော မိုးသီးတို့/သည် ကောင်းကင်/မှ လူတို့/အပေါ်သို့ ကျလေ၏။ ထို/မိုးသီး/ဘေးဒဏ် အလွန်/ပြင်းထန်သော/ကြောင့် လူတို့/သည် ဘုရားသခင်/ကို ကျိန်ဆဲကြ၏။